မချမ်းဘောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆွေးနွေးခြင်း၊ Mask များလှူဒါန်းခြင်းကျင်းပ

မချမ်းဘော  ဧပြီ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌  ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးဆွေးနွေးပွဲကို ဧပြီ ၃ရက်နေ့ ညနေ ၄နာရီတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး  ရာနှုန်းပြည့် ထိုးနှံနိုင်ရေးကိစ္စနှင့်ပတ်သက်၍  ရှင်းလင်း‌ ပြောကြားပြီး ဘာသာ‌ရေးဆရာ ကြီးများမှ မိမိဘာသာ အသင်းတော်ကျောင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံ ရသေးသည့် ပြည်သူများအားလုံး ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အခြား သိလိုသည်များ  မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ မြို့ပေါ်ရှိ ဘာသာရေးကျောင်းများအတွက် ဘာသာရေး အသင်းတော် သင်းအုပ်ဆရာကြီး (၈)ဦးအား ပါးစပ်နှာခေါင်းစည်း (mask) ၁၅ဝခုစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်