အောင်လံ ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၈)နေရာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ယနေ့နံနက်(၉)နာရီက ရူပဗေဒဘာသာရပ်အား ကျောင်းသား /ကျောင်းသူ စုစုပေါင်း (၁၀၅၃) ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စာမေးပွဲ ကြီးကြပ်ရေးကော်မတီများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး အောင်လံမြို့နယ်၌ စာစစ်ဌာ(၈)ခုတွင် စာရင်းရှိ (၁၀၅၃) ဦးအနက် (၉၇၆) ဦး ဝင်ရောက်ဖြေဆိုပြီး (၇၇) ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၆၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)