သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှု အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အခြေခံအေရိုးဗစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပုံမှန်ဈေးအောက် ကျရောက်ခြင်းမရှိသော ဖူးစားပြောင်း
Apr 05,2022
ပြောင်းဖူးပင်များသည် မြေကြီးအစိုဓာတ်ရှိပါက တနှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း အခြားသီးနှံများ ဈေးအတက်အကျ ရှိသော်လည်း ပြောင်းဖူးဈေးများ ကျဆင်းခြင်း မရှိသောကြောင်း မင်းဘူး (စကု) မြို့နယ် ကျောက်တန်းကျေးရွာ ဒေသခံစိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်ချေးငွေကိစ္စတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Apr 05,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲအစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ဘဏ်ချေးငွေကိစ္စနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ၊ တိုင်းဒေသကြီး မန်နေဂျာ၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒေသခံချေးငွေစိစစ်ရေး ကော်မတီ အတွင်းရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 05,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီအချိန် က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခမဲ့ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့သင်တန်းအဖြစ် အခြေခံပန်းချီသင်တန်းကို ဧပြီလ(၃)ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Apr 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက် ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက် ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Apr 05,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြုနေသော နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်(၄)နံပါတ်များအား ကွန်ပျူတာစာရင်း ရေးသွင်း နေမှုအား ကြည့်ရှုအားပေး
Apr 05,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းက စစ်မှန်၍လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် မဲဆန္ဒရှင်စာရင်းအား မှန်ကန်စွာရရှိရေး၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုမရှိစေရေး၊