မော်လမြိုင် ဧပြီ ၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ် ၃၁ မှစတင်၍ တစ်နိုင်ငံလုံး အနေဖြင့် ကျင်းပလျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်ခရိုင်တွင်လည်း ကျောင်းသား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ (ပဉ္စမနေ့) အဖြစ် ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
မော်လမြိုင်ခရိုင်အတွင်း စာဖြေဌာန (၂၈) ခုရှိပြီး ယနေ့ပဉ္စမမြောက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၇၀၀၂) ဦး ဖြေဆိုခဲ့ရာ (၉၄.၈၃) ရာခိုင်နှုန်းလာရောက် ဖြေဆိုကြောင်း ခရိုင် ပညာရေးမှူးရုံးမှသိရသည်။ ဖြေဆိုသူများအား ကိုဗစ် - ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ အရန်စာဖြေခန်းများထားရှိခြင်း၊ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရန်အတွက် မော်လမြိုင်ခရိုင်အတွင်းရှိ စာဖြေဌာနများ၌ ကျောင်းသား၊ ကျောင်းသူများကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်