အိမ်မဲ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၈ ခုဖြစ်သော အ.ထ.က-၁ တွင်၇၅ ဦး၊ အ.ထ.က-၂ တွင် ၅၉ ဦး၊ အ.ထ.ကရွာသစ်တွင် ၆၂ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၆၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၁၃ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၃၀ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၃၃ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၂၀ ဦး စသည့် စာစစ်ဌာန ၈ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၅၅ဦး တို့သည် ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၁၊ အတွဲ-၇ ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ ၃၇၇ ဦး ရှိသော်လည်း ၂၂ ဦး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး ၃၅၅ ဦးသာဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းအနေဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ ပါဝင်ပြီး၊ အတွင်းစည်းအနေဖြင့် ဆရာ/မများနှင့် တာဝန်ရှိသူများမှ စောင့်ကြပ်ကြည့်ရှုပြီး အဆိုပါ စည်းများလုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်းမြတ်စံနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)