ပဲခူး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီ ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာနှင့်ဘောဂဗေဒဘာသာရပ်များကို ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာဖြေဆိုသူ စာရင်းရှိ(၁၂၇၇)ဦး၊ ဖြေဆိုသူ(၁၁၈၄)ဦး၊ ပျက်ကွက်သူ(၉၃)ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၂ .၇၂)နှင့် ဘောဂဗေဒဘာသာ ဖြေဆိုသူစာရင်းရှိ (၁၂၅၀)ဦး၊ ဖြေဆိုသူ(၁၁၂၈)ဦး၊ ပျက်ကွက်သူ(၁၂၂)ဦး၊ ဖြေဆိုသူရာခိုင်နှုန်း ၉၀.၂၄ ဝင်ရောက်ဖြေဆိုကြပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောင်းအတွင်းအပြင် လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)