ပန်းတောင်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကရင်စုအုပ်စု၊ ရွာသာယာအုပ်စု၊ ဘူးဘက်အုပ်စု၊ ညောင်ခြေထောက်အုပ်စု၊ ဖောင်းကန်ရပ်ကွက်၊ စမ်းဝအုပ်စု၊ မြောင်အုပ်စု၊ ထုံးဘိုအုပ်စုတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန်ကျန်ရှိ အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများမှ ကျေးရွာများအရောက် လှည်လည်ကြည့်ရှု အားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကရင်စုအုပ်စု (၁၉၁)ဦး၊ ရွာသာယာအုပ်စု (၃၃)ဦး၊ ဘူးဘက်အုပ်စု (၁၅၁)ဦး၊ ညောင်ခြေထောက်အုပ်စု (၄၃)ဦး၊ ဖောင်းကန်ရပ်ကွက်၊ စမ်းဝကျေးရွာ၊ မြောင်ကျေးရွာ၊ ထုံးဘိုကျေးရွာတို့တွင် လူဦးရေ (၁၀၀) ကျော်တို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့်သူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)