ဒိုက်ဦး ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဖောင်တော်သီ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ဇီဝဗေဒဘာသာရပ်အတွင်းဖြေ (၁၂၁)ဦး၊ အလွတ်ဖြေ (၂၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၄၆)ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုမှာ ၉၃.၅၉ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ် အတွင်းဖြေ (၂၇၂)ဦး၊ အလွတ်ဖြေ (၉၂)ဦး စုစုပေါင်း (၃၆၄)ဦး ဖြေဆိုမှု ၉၁.၆၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများသို့ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နောင်ဦး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)