ဖာပွန် ဧပြီ ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူ များအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖာပွန်ခရိုင် ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်ထွန်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေး ဆရာ မောင်မောင်ထွန်းအောင်(ကျန်းမာရေး) ရေးသားထားသော “ကျန်းမာခြင်း၏ အလိုအပ် ဆုံးအရာ” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့များမှ လူတိုင်းဟာ တစ်ခါမဟုတ်တစ်ခါ ဝမ်းနည်းခြင်း (သို့)မပျှော်ရွှင်ခြင်းများကို အတွေးအာရုံထဲက ထုတ်ပယ်ခြင်းမပြုနိုင်ရင် နေ့စဉ်ဘဝမှာ အနှောက်အယှက်ခံရမှာဖြစ်ကြောင်း၊ ကာယနှင့်စိတ်ဓာတ်ကျန်းမာရေးကို အားဖြည့်ပေးဖို့အတွက် ခင်မင်ရင်းနှီးတဲ့ မိတ်ကောင်းဆွေကောင်းအပေါင်းအသင်းကောင်းတွေ ရှိဖို့လိုအပ် ကြောင်း၊ မှန်ကန်တဲ့အစားအစာကို နည်းနည်းစီ မကြာခဏ စားသုံးမယ်ဆိုရင် သင်လိုချင်တဲ့ စွမ်းအင်အာဟာရကို ရရှိမည်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ အစားအစာကို စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)