မော်လမြိုင် ဧပြီ ၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒကို ယနေ့နံနက်ပိုင်းက ပြည်နယ်အတွင်းရှိ စာစစ်ဌာန(၄၆)ခု၌ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ဖြေဆို ပြီးဖြစ်ကြောင်းသိရသည်။
မွန်ပြည်နယ်အတွင်း စာစစ်ဌာန(၄၆)ခု တွင်တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲ(၁)နှင့် ဘာသာတွဲ (၇)ဘာသာတွဲများ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်များကို အထကစာစစ်ဌာနတွင် စာရင်းရှိ ၉၀၃၂ ဦးရှိရာ ဖြေဆိုသူ ၈၄၃၀ ဦးဖြေဆိုကြ၍ ရာနှုန်းအားဖြင့် (၉၃.၃၃ ရာခိုင်နှုန်း) အောင်မြင်စွာ ဖြေဆိုပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။
စာမေးပွဲ ဖြေဆိုချိန်များတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများ အေးချမ်စွာဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်