ဘုတလင်မြို့နယ် Community Centre ခန်းမ၌ နိုင်ငံသား(မှတ်ပုံတင်)ကတ် အသိပညာပေး Talk Show ဟောပြောပွဲ ကျင်းပ

ဘုတလင်၊ ဧပြီ ၅

စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး  ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန် အသိပညာပေး Talk Show ဟောပြောပွဲကို ယနေ့  မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဘုတလင်မြို့နယ်ရုံး၊ လူထုအခြေုပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။ 

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်က အသက်(၁၆)နှစ်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင်ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း လိုအပ်သည့် နေရာများတွင် တစ်အိမ် တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃.၅.၂၀၂၁) မှ (၃.၁၁.၂၀၂၂)ရက်နေ့ထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလိုအပ်ချက်အရ ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေး ထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား (၁-၄-၂၀၂၂)ရက်နေ့ (၀၆၀၀)နာရီမှစ၍ ပြသစစ်ဆေးလျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် တိုင်းဒေသကြီးအတွင်း ဧပြီ(၁)ရက်နေ့၊ နံနက်(၆)နာရီမှ စတင်ပြီး စစ်ကိုင်းမြို့ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၊ ရွှေဘိုမြို့ အမှတ်(၈)အခြေခံ  လေ့ကျင့်ရေးတပ်ထိပ်ဂိတ်၊ မုံရွာမြို့ရှိ ကျွဲရဲစစ်ဆေးရေးဂိတ်နှင့် တမူးမြို့ရှိ(၄)မိုင် စစ်ဆေးရေးဂိတ်များအဖြစ်ဖွင့်လှစ်၍ ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန်၊ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း၊ ပြည်သူများသို့ ပန်ကြားချက်တို့နှင့်စပ်လျဥ်းပြီး အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်  အသိပညာပေး ဟောပြောခဲ့သည်။

 ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ပြည်သူများအတွက် အသိပညာပေးခြင်း၊ပြန်ကြားပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းအစီအစဥ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး တင်ဆက်ပေးလျက်ရှိ ကြောင်းသိရသည်။

မြို့နယ် ( ပြန် /ဆက်)