ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲနှစ်ခု ဖြေဆိုပြီးစီး

ဆိပ်ဖြူ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၃)ခုဖြင့် ကျင်းပပြုလျက်ရှိရာ အတွဲ(၁)၊ အတွဲ(၇) သင်ယူခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဖြေဆို ပြီးမြောက်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့မြောက်တွင် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်များကို ဖြေဆိုကြရခြင်းဖြစ်ပြီး၊ ဘောဂဗေဒ ဘာသာရပ်ကို  ဖြေဆိုရန် စာရင်းရှိကျောင်းသား/ကျောင်းသူ (၄၂၆) ဦး ၊လာရောက်ဖြေဆိုသူ (၃၅၆)ဦး၊ဖြေဆိုရန်ပျက်ကွက်သူ(၇၀)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၈၃ ဒဿမ ၅၇)၊  ဇီဝဗေဒဘာသာရပ်များကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၆၉)ဦ ၊ လာရောက်ဖြေဆိုသူ (၆၁) ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ (၈)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၈၈ ဒဿမ ၄၁ ) ဖြေဆိုခဲ့ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အတွဲ(၁)၊ အတွဲ(၇) ဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုကြရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက် လျက်ရှိကြောင်း၊ ဖြေဆိုရန် ကျန်ရှိသည့် ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်များကို စာဖြေဌာန အသီးသီးတွင် ဆက်လက် ဖြေဆိုစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)