ဆီဆိုင် ဧပြီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် နယ်လှည့် စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ ဌားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အဆိုပါစာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့်စာအုပ်များကို စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ထိုသို့ ငှားရမ်းပေးခဲ့သောစာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)