ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Apr 24,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ငွေစာရင်းထိန်းသိမ်းနည်းပညာ ကျွမ်းကျင်မှု အရည် အသွေး မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက် (၁၁) နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ခဲ့သည်။