ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစစ်စာမေးပွဲများ အောင်စာရင်းထုတ်ပြန်ကြေညာ
Apr 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ (၂၀၂၁-၂၀၂၂)၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်း (၄၈)ကျောင်းရှိ ကျောင်းတွင်းစစ် စာမေးပွဲများမှအတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာ ရင်း ထုတ်ပြန်၍ကျောင်း၏ ကြော်ငြာ သင်ပုန်း တွင် ကပ်ထားကြေညာထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။