ဒေါပုံမြို့နယ် Community Centre တွင် အင်္ဂလိပ်စာစွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပ

ဒေါပုံ ဧပြီ ၂၂

ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား‌၊ ကျောင်းသူများအား နွေရာသီကျောင်း ပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက် မြက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါပုံမြို့နယ် ဒုတိယဦးစီးမှူးက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ဒေါပုံမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများ အား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

သူဇာဝင်း