သတင်းများ

နောင်ချိုမြို့နယ်တွင် ၂၀၂၂ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့်ဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ၂၀၂၂ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က မြို့ ဦးကျောင်းတိုက်၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။        
တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ
Apr 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ  ၂၀၂၁-၂၀၂၂ ၊ ပညာသင်နှစ် အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို
သရက်မြို့၌ ငွေစာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Apr 24,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငွေစာရင်း လုပ်ငန်းဆောင်ရွက်မည့် ဝန်ထမ်းများအား  လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ငွေစာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့် တိုက် Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ
Apr 24,2022
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်း များထုတ်ပြန်၍ ကျောင်း၏ကြော်ငြာ သင်ပုန်းတွင် ကြေငြာပေးထားရာ ကျောင်းသား မိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် NPL ကျဆင်းရေး ချေးငွေသစ်ထုတ်ချေးနိုင်ရေး၊ အခမဲ့ဆေးဝါး ကုသခြင်းနှင့် အသိပညာပေးလုပ်ငန်းများ‌ ကွင်းဆင်းဆောင်ရွက်
Apr 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပိဿာကျေးရွာ၊ ရွာမ ဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံ၌ NPL ကျဆင်းရေး၊ချေးငွေသစ်ထုတ်ချေးရေး၊ ကွင်းဆင်းနှိုးဆော်ခြင်း၊ အမဲ့ဆေးဝါးကုသပေးခြင်း နှင့်စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်နေကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းလိုက်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Apr 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ထား ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မွေးမြူရေးဆိုင်ရာ သိကောင်းစရာ Talk Show  ဆွေးနွေးပွဲပြုလုပ်
Apr 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးဆိုင်ရာ သိကောင်းရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် ဆေးထိုးနေရာများ တိုးချဲ့ဆောင်ရွက်
Apr 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိ သေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဧပြီလ (၁)ရက်နေ့မှစတင်၍ ဆေးထိုးနေရာများတိုးချဲ့ကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။