မချမ်းဘောမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ထိုးနှံပေး

မချမ်းဘော ဧပြီ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ချမ်းဘောမြို့၌ အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်‌ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မချမ်းဘောမြို့မိခင်နှင့် ကလေးကျန်းမာရေးဆေးပေးခန်း၌ ယမန်နေ့ နံနက် ၉ နာရီမှ စ၍ အရှိန်အဟုန်မြှင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးနှင့် အဖွဲ့သည်  မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာသို့ သွားရောက်၍ နမ်ခမ်ကျေးရွာအုပ်စု နမ်ခမ်ကျေးရွာရှိ အလင်းအိမ် လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်း၌ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာနှင့် မန်ခွတ်ကျေးရွာတို့ရှိ အသက်(၁၈) နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ထိုးနှံခဲ့‌ပေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို မချမ်းဘောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ဘာသာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် ပြန်/ဆက်