သတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား      နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Apr 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်း ဧပြီ(၂၀)ရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့် လေပြင်းသင့် ပြည်သူများ အား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့ အားကစား လေ့ကျင့်ရေးစခန်းအမှတ်(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော် စိုးဦး နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
မုံရွာမြို့၌ ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ
Apr 24,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်း အဝေးကို ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ မြို့မ ရွှေဂူကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ် ဂန္ဓဗ္ဗမြေနီတောင်ပေါ်ရှိ အတုလမာရဇိန်အောင်ဇမ္ဗူ စေတီတော်တွင် စိန်ဖူးတော်အသစ် အထွဋ်တင်ပူဇော်ပွဲကျင်းပ
Apr 24,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဂန္ဓဗ္ဗမြေနီတောင်ပေါ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ဇနီးဒေါ်ခင်သီတာဝမ်း မိသားစုတို့မှ တည်ထားကိုးကွယ်ထားသော အတုလမာရဇိန်အောင်ဇမ္ဗူ စေတီတော်မြတ်တွင် စိန်ဖူးတော်အသစ် အထွဋ်တင်ပူဇော်ပွဲကို ယမန်နေ့နံနက် ၈ နာရီကကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မကွေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပို့ချ
Apr 24,2022
နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေများအား စနစ် တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စာရင်းရုံးတို့ ပူးပေါင်း၍  ယမန်နေ့ နံနက်(၈)နာရီအချိန်က မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းအား ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရသည်။  
ချင်းပြည်နယ်ဝန်ကြီးချုပ် စစ်ဗျူဟာ( အခြေချ) ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန် ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနွေးထည်များ ထောက်ပံ့ပေးအပ်
Apr 24,2022
ချင်းပြည်နယ်ဝန်ကြီးချုပ်မှ စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်၊ အခြေခံပညာမူလတန်းလွန် ကျောင်း  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အနွေးထည် ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပရာ ချင်းပြည် နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်း အောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သံတွဲခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Apr 24,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် သံတွဲခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ "ငွေစာရင်းစီမံခန့်ခွဲမှု သင်တန်း" ဖွင့်လှစ်
Apr 24,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက "ငွေစာရင်း စီမံခန့်ခွဲမှုသင်တန်း" ဖွင့်ပွဲကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင် တက်ရောက် သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
မော်လိုက်မြို့နယ်၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်း ပြည့် ပြီးစီးနိုင်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများ မကျန်ရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။