မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံရှေးဦးသူနာပြုစုနည်း (အခမဲ့)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။