သတင်းများ

ဂွမြို့နယ်တွင် Mobile Team ဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး
Apr 26,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား Mobile Team ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ချောက်မြို့၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ​ရေးနှစ်​ဒေသန္တရ စီမံကိန်းရည်မှန်းချက်များတာဝန်​ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 26,2022
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ (ဧပြီလမှ မတ်လအထိ)​ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာနခန်းမ၌ ကျင်းပ သည်။
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်း ဆက်လက် ဆောင်ရွက်
Apr 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဧရာဝတီတံတားအဆင်း ကြက်သွန်ခင်း လမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီအချိန်က ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
လွိုင်လင်၌ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ စိတ်ချလုံခြုံစွာပညာသင်ကြားနိုင်ရေးညှိနှိုင်းစည်းဝေး
Apr 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ပင်လုံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်လုံ) တို့ရှိရာ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကို မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်သည်။ တက္ကသိုလ်ကျောင်ူများဖွင့်လှစ်ချိန်တွင် ကျောင်းသား / ကျောင်းသူများ စိတ်ချ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် လွိုင်လင်တပ်နယ်မှူးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ တာဝန်ခံပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများမှ ညှိုနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ထန်းတပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီ အချိန်က ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 26,2022
အနာဂတ်ကလေးငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာအသိပညာများ ပြည့်စုံလာစေရန်ရည်ရွယ်၍
တိုက်ကြီးမြို့နယ်အတွင်းရှိ ဆင်စခန်းကျေးရွာနှင့်ကျောင်းစုကျေးရွာတို့၌ VRFP စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Apr 26,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့်
ကံမမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေး
Apr 26,2022
မကွေးတိုင်းဒေသကြီး ကံမမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် အသက်(၁၅)နှစ်အထက် လူငယ်များ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။