ရေတာရှည်မြို့နယ် သမိုင်းဝင် မယ်ဒက်ကယ်ဘုရား စေတီတော်မြတ်ကြီးတွင် စု​ပေါင်းသန့် ရှင်းရေး ဆောင်ရွက်

ရေတာရှည် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၏ သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်သည့် မယ်ဒက်ကယ်ဘုရား စေတီတော် ဝန်းအား ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း ဦးဆောင်မှုဖြင့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ ခမရ ၃၃၀ တပ်ရင်းနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုရားဖူးပြည်သူများ သန့်ရှင်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ​စေတီ​တော်မြတ်အား ရေသပ္ပါယ်ခြင်း၊ စေတီတော်ဝန်းအတွင်းမှ  မြက်ပင်ပေါင်းပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များနှင့် ရေညှိများ ဖယ်ရှားသန့်စင်ခြင်း၊ သစ်ရွက်​ခြောက်များမီးရှို့ခြင်း၊ ထွက်ရှိလာသည့် ပလတ်စတစ်နှင့် ရှင်းလင်းထားသည့်​ပေါင်းမြက် အမှိုက်စိုများအား အမှိုက်ကားဖြင့် သိမ်းဆည်း၍ ​စေတီတော်မြတ်အား စု​ပေါင်းသန့်ရှင်း​ရေးများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)