ရန်ကင်း ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးတို့အတွက် နိုင်(၄)ရိုက်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင် (၄) မှတ်တမ်း များအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းအား ရန်ကင်းမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးခန်းမ၌ ဧပြီလ (၄) ရက်နေ့မှစတင်၍ ဌာနဆိုင်ရာများဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရန်ကင်းမြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင် (၄) မှတ်တမ်း စာရင်းရေးသွင်းရန် လူဦးရေ (၉၄၂၅၉) ဦးအား သတ်မှတ်ရက်အတွင်း ပြီးပြတ်အောင် မှတ်တမ်းထည့်သွင်း ဆောင်ရွက်နိုင်ရေးအတွက် လျာထားလျက်ရှိပြီး တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျူတာ (၁၂) လုံးဖြင့် မှတ်တမ်းရေးသွင်းခဲ့ရာ ဧပြီ (၂၅) ရက်နေ့ အထိလူဦးရေ ( ၃၄၂၅၉) ဦး ကိုမှတ်တမ်း ရေးသွင်းပြီးစီးကြောင်း သိရသည်။
အဆိုပါ စနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က ဦးဆောင်၍ ရန်ကင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)