စစ်ကိုင်းတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မိုးသီးနှံစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံ အထွက်နှုန်းကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာဧပြီ၂၆

စစ်ကိုင်းတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မိုးသီးနှံ စိုက်ပျိုးရေး နှင့် ဆီထွက်သီးနှံ အထွက်နှုန်းကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် () နာရီခွဲအချိန်က ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဦးစီးမှူးများက Zoom meeting ဖြင့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ယခုနှစ်သီးနှံရာသီတွင် စိုက်ပျိုးနိုင်ရန် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော် ဆောင်ရွက်ကြရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဆွေးပုံများ၊ သဘာဝပိုးပြေးဆေး၊ ပိုးနှင်ဆေးများကို တောင်သူများကျယ်ပြန့် လက်တွေ့အသုံးပြုနိုင်အောင် နည်းပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရေးနှင့် စပ်လျဉ်းပြီးလည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စုစုပေါင်းမြေ ဧရိယာဧက(၂၃၁)သိန်းကျော်ရှိတဲ့အနက် အသားတင်စိုက်ပျိုးမြေ (၄၅.၆) သိန်းကျော်ရှိပြီး သီးထပ်သီးညှပ်ဧကသိန်း(၉၀)ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ မိုးနေကြာ (၄၁၄၂၆) ဧကနှင့် ဆောင်းနေကြာ (၃၅၁၇၇၃) ဧက၊ စုစုပေါင်း (၃၉၃၁၉၉) ဧက စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ကြောင်း၊ ထို့အပြင် စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ဝါမျိုးစုံ ကိုလည်း နှစ်စဉ်ဧက (၇၉၀၀၀) ကျော် စိုက်ပျိုးထုတ်လုပ် လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဝါမျိုးစုံ စိုက်ဧက (၈၁၈၀၀) ဧက လျာထား စိုက်ပျိုးသွာမှာ ဖြစ်ပြီး ပိဿာပေါင်း(၃၅၇)သိန်းကျော် ရရှိရေး လျာထားစိုက်ပျိုးမှာ ဖြစ်ပါကြောင်း၊ တောင်သူများအနေနဲ့ လည်း စိုက်ပျိုးဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့်အညီ လိုက်နာကျင့်သုံးပြီး သီးနှံမျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးကြခြင်းအားဖြင့် သီးနှံများ အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း  ပြောကြားခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ခရိုင်/မြို့နယ်အဆင့် ဦးစီးမှူးများက တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီများ၊ စိုက်ပျိုး‌ရေး ပညာရှင် များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆီထွက်နေကြာ စိုက်ပျိုးထုတ်လုပ်မှုအတွက် ဝိုင်းဝန်း ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်နေကြာစိုက်ဧက (၃၉၀၀၀၀) ကျော်  ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေနွေးပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)