ရေတာရှည်မြို့နယ်တွင် လေ​ဘေးသင့်​နေအိမ်များမှ မိသားစုများအား ထောက်ပံ့ငွေ​ပေးအပ်

ရေတာရှည် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု​ကြောင့် ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လေဘေးသင့် နေအိမ်များမှ မိသားစုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီလ ၂၅ ရက်​နေ့ ညနေပိုင်းတွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက လေဘေးသင့် ပြည့်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ဧပြီလ()ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခြင်း၊ အမိုးလန်ပျက်စီးခြင်းများ ဖြစ်​ပေါ်ခဲ့သော အိမ်​ခြေ(၅၀)ရှိ မိသားစုဝင် (၁၉၇)ဦးအတွက် ဆန်နှင့် ရိက္ခာဖိုး (၄၁၃၇၀၀)ကျပ်နှင့် အိမ်ပြင်ဆင်စရိတ် (၃၀၈၀၀၀၀) ကျပ်ကိုလည်း​ကောင်းဧပြီလ (၂၀) ရက်​နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခြင်း၊ အမိုးလန်ပျက်စီးခြင်းများ ဖြစ်​ပေါ်ခဲ့သော အိမ်​ခြေ(၁၃၀)ရှိ မိသားစုဝင် (၅၁၇)ဦးအတွက် ဆန်နှင့် ရိက္ခာဖိုး (၁၀၈၅၇၀၀)ကျပ်နှင့် အိမ်ပြင်ဆင်စရိတ်(၇၄၅၀၀၀၀)ကျပ်ကိုလည်း​ကောင်း ပြိုလဲ​နေအိမ်()လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအားလည်း​ကောင်း တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)