ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများအား စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် ဂရုပြုဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးဒေါ် နော်လင်းခိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီမှစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်() ဗိုလ်မှူးသူရိန်သန်းမြင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြား​ရေးမှူး ဒေါ်နော်လင်းခိုင်တို့က ဌာနဆိုင်ရာအကြီးအကဲများအား စီမံကိန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)