ကြာအင်းဆိပ်ကြီး ဧပြီ ၂၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများရရှိ တိုးပွားလာစေ ရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာ ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က အများပြည်သူအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအုန်းထွန်းမှ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် မြို့ကျေးရွာအုပ်စု ကျေးရွာများ၌ အိဘပကည်သူများအနေဖြင့် စက်မှုလက်မှု လုပ်ငန်းများတွင် ဓာတ်အားလုံလုံလောက်လောက် သုံးစွဲနိုင်စေရန်အတွက် ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ပေးလျက်ရှိ သကဲ့သို့ နှစ်စဉ်တိုးတက်လာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေး နိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိဘပြည်သူများအနေဖြင့် လျှပ်ဓာတ်အားသုံးစွဲရာ၌ စနစ်တကျသုံးစွဲနိုင်ရန်လိုအပ်ကြောင်း လျှပ်စစ်ဓာတ်အားကို အမှန် တကယ်လိုအပ်မှာသာ သုံးစွဲသင့်ကြောင်း လိုအပ်မှုအတိုင်းအတာအား ချိန်ဆ၍ လျှပ်စစ် ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲခြင်းအားဖြင့် လျှပ်စစ်မီတာဓာတ်အားခ လျော့နည်း သက်သာစေပြီး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးမှုကိုလည်း တစ်ဖက်တစ်လမ်းမှက ကူအညီအထောက်အကူပြုစေကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာ မှတ်သားသိရှိနိုင်စေရေးအတွက် Online လိုင်းမှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေး လျက်ရှိရာ သိရှိလိုသည်များအားIprd kyarinn seik kyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး