ကျွန်းလှ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦး ကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော လေးကျွန်းမာရ်အောင် စေတီတော် မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို မြို့မရုံးဦး ကျောင်းတိုက် ဆရာတော် ဦးသုဘောဂ၏ ဩဝါဒလမ်းညွှန်မှုဖြင့် ဂေါပကများ ဦးဆောင်ပြီး ဘုရားဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းပြီး ကပ်လှူပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ