တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အ‌ခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်သင်ကြား

တောင်တွင်းကြီး မေ ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် ယနေ့နံနက် ၉ နာရီ ခွဲက အခြေခံပန်းချီရေးဆွဲနည်း သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မူလတန်း၊အလယ်တန်း ၊အထက်တန်းမှကျောင်းသား ကျောင်းသူ(၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ပန်းချီဆရာ ဦးသူရကျော်မှ ၂၀၂၂-ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့မှ မေလ(၁၃)ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်၉နာရိခွဲမှ ၁၀နာရိခွဲ အထိ (၄)ပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးပါက ပန်းချီပြိုင်ပွဲ ကျင်းပကာ ဆုများ‌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)