ခရမ်းမြို့နယ်တွင် မိန်းမ၀တ်အင်္ကျီညှပ်နည်းသင်တန်းဆင်းပွဲကျင်းပ

ခရမ်း မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မိန်းမ၀တ်အင်္ကျီညှပ်နည်း သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိန်းမ၀တ်အင်္ကျီညှပ်နည်းကို သင်တန်းနည်းပြဆရာမ ဒေါ်တင်မာ‌ဆွေက မြန်မာအင်္ကျီအခြေခံညှပ်နည်းအား ရှင်းလင်းပြောကြားရာတွင် ရင်အကျယ်၊ ပုခုံးအကျယ်၊ ခါးအကျယ်၊ ချိုင်းအကျယ်၊ လည်ပင်းအကျယ်၊ လက်အကျယ်တို့၏ ပြုလုပ်ပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး မိန်းမ၀တ်အင်္ကျီညှပ်နည်းအား သင်တန်းနည်းပြဆရာမမှ သင်တန်းသူများအား လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

အဆိုပါမိန်းမ၀တ်အင်္ကျီညှပ်နည်းသင်တန်းကို နည်းပြဆရာမ ဒေါ်တင်မာဆွေမှ သင်တန်းသူများအား ၃ ရက် ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ ၇ ဦး တက်ရောက်၍ လက်တွေ့ညှပ်နည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )