ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအား ဆက်လက် ထိုးနှံပေး

ကျွန်းလှ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန် အကျုံးဝင်သူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျောက်အိုင် ကျေးရွာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်း သူများ၊ နာတာရှည်ရောဂါသည်များ၊ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ဦးတည်အုပ်စု သတ်မှတ်ပြီး Phase-10 ပထမအကြိမ်နှင့် Phase-9 ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြား ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် မေ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၄၅၁၃၇ ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ ၂၈၉၅၅ ဦး၊ စုစုပေါင်း ၇၄၀၉၂ ဦး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ