(၇၆)နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ‌ဆွမ်းကပ် လှူဒါန်း

ရမည်းသင်း  မေ 

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ ခု နှစ်  မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆွမ်းကပ်လှူဒါန်းမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက  ဝံသပါလမိဘမဲ့ပရဟိတရကျောင်း ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် မီးသတ်ဦးစီးအရာရှိ ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်း ဦးဆောင်၍ ဝံသပါလမိဘမဲ့ပရဟိတရကျောင်းတွင် နေ့ဆွမ်းအလှူလှူဒါန်းခြင်း၊ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဝံသပါလမိဘမဲ့ပရဟိတရကျောင်းတွင်းရှိကလေးများအား  အာဟာရဒါန လှူဒါန်းခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)