ချီဖွေ မေ ၄
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဒေသတွင်းရှိ လူငယ် လူရွယ်တို့ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဝင်းဇော်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလထွယ်အောင်က အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် မိသားစု စီးပွားရေးကို တစ်ဖက်တစ်လှမ်းမှ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးပါက ထပ်မံ သင်ကြားလိုပါက အဆင့်မြင့် သင်တန်းကျောင်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသူများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ် ခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင် အခြေခံလက်ချုပ်နည်း၊ ကလေးဝတ်အင်္ကျီနှင့် ဘောင်းဘီ ဖြတ်နည်း/ ချုပ်နည်း၊ ကလေးဂါဝန်အင်္ကျီများ ဖြတ်နည်း/ ချုပ်နည်း၊ လူကြီးဝတ်အင်္ကျီနှင့် ဘောင်းဘီ ဖြတ်နည်း/ချုပ်နည်း၊ မိန်းကလေးဝတ် ရင်ဖုံး၊ ရင်စေ့၊ သုံးလွှာ ချုပ်နည်းနှင့် ကြယ်သီးဖောက် နည်းနှင့် ကင်းချည်လိုက်နည်းတို့ကို သင်တန်းနည်းပြ ဆရာမ ဒေါ်တင်တင်ဌေးမှ သင်ကြားပေးပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ ၄ ရက်နေ့မှ မေ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချ သွားမည့်ဖြစ်ရာ စိတ်ပါဝင်စားသူ သင်တန်းသား/ သူ (၂၁) ဦး တက်ရောက်လျှက်ရှိကြောင်း သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)