မင်းလှ မေ ၄
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းက သောက်သုံးရေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များက ရေရှားပါးသည့် ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ၌ သောက်သုံးရေ (၁၆၀၀) ဂါလန်ကို ကျေးရွာသူ ကျေးရွာသားများထံ လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ လက်ဆက်အုပ်စု၊စိန်ကန့်လန့်ကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ စွယ်တော်မြတ်စေတီအားရေသပ္ပါယ်ခြင်း၊ စေတီပတ်ဝန်းကျင်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ ( မင်းလှ)