ကမမောင်းမြို့တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်

ကမမောင်း  မေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက် (၁၈)နှစ်အထက် ဒေသ နေပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား booster - dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို  ယနေ့ နံနက်() နာရီအချိန် က သံလွင်ဦးမြို့မစျေး စျေးခေါင်းရုံးရှိ ကာကွယ်ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းအဖွဲ့တို့မှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အသက်(၁၈)နှစ်အထက် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ခြင်း မရှိသူများအား  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးန ပေးလျက်ရှိကြောင်း၊ အသက်(၁၈)နှစ်အထက် ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်      ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ရာနှုန်းပြည့်ကာကွယ်ဆေး ထိုးနှံလုပ်ငန်း ပြည့်မီရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တင်တင်လှ(ပြန်/ဆက်)