ငါန်းဇွန် မေ ၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်း၌ ယနေ့နံနက် ၈နာရီ မိနစ်၅၀ အချိန်က မိုးကြိုရေလောင်း သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးကြိုရေလောင်းသစ်ပင်စိုက်ပွဲတော်တွင် ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က မိုးကြိုရေလောင်းသစ်ပင်စိုက်ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသော်နိုင်ဦး၊ ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည််ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်နှင့်အဖွဲ့၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့်အဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် ဝန်ထမ်းများ၊ စက်မှုဥယျာဥ်မြို့တော်အတွင်းရှိ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဒေသခံပြည်များ စုစုပေါင်း (၁၈၀)ဦးခန့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြို့သာစက်မှု ဥယျာဉ်မြို့တော်တည်ဆောက်ရေးစီမံကိန်းဧရိယာအတွင်းရှိ Gold AYA မော်တော်ကားစက်ရုံ အနီး ဆီမီးခုံဆိပ်ကမ်းနှင့် တံတားဦးလေဆိပ်သွားကားလမ်းမဘေး ဝဲ/ယာတွင် သက်တမ်းရင့် အမြင့် ၅ ပေအထက် ခရေ (၇၅၀)ပင်၊ စိန်ပန်း(၆၅၀)ပင်နှင့် ပိတောက် (၁၀၀)ပင်၊ စုစုပေါင်း ၁၅၀၀ ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)