သတင်းများ

ရမ်းဗြဲမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကျင်းပ
May 04,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ရမ်းဗြဲမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြချမ်းသာစေတီတော် ဘက်စုံပြန်လည်ပြုပြင် မွမ်းမံရန်အတွက် အုတ်သယ်ခြင်းများ ဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့ ညနေ ၃  နာရီအချိန်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းနှင့် ကွင်းသာယာလမ်းရှိ မြချမ်းသာ စေတီတော်ဘက်စုံပြန်လည် ပြုပြင်မွမ်းမံရန်အတွက် အုတ်သယ်ခြင်းများ အကျိုးပြု ဆောင်ရွက်ခဲ့ကြသည်။
ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ ကွန်ပျုတာစာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်
May 04,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အီလက်ထ‌ရောနစ် မှတ်ပုံတင်စနစ်(E–ID)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း မှတ်တမ်းစာအုပ်(ပုံစံ နိုင်-၄) မှတ်တမ်းများအား Excel Format အသုံးပြု၍ ကွန်ပျုတာစာရင်း ရေးသွင်းခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သင်တန်းသူ၊ သင်တန်းသားများအား ဉာဏ်စမ်းပဟေဠိ၊ ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေး စာဖတ်ခန်းတွင် အင်္ဂလိပ်စာသင်တန်း(4 Skill) သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသူ၊ သင်တန်းသားများအား ဉာဏ်စမ်းပဟေဠိ၊ စကားပုံဆက်နှင့် ဂိမ်းစကားနည်းပြိုင်ပွဲများကို မေလ(၄)ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြတ်ချမ်းသာစေတီတော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 04,2022
၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြတ်ချမ်းသာစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
May 04,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိပညာရေးဝန်ထမ်းများ အား ပညာရေးလုပ်ငန်းတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေရန်အတွက် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၆၄) စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၆၄) စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကြာအင်းကုန်းကျေးရွာနှင့် သံပုရာခုန်ကျေးရွာတို့အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
တမူးမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောပွဲပြုလုပ်
May 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မေလ(၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က စာသုံးသူ ကာကွယ်ရေးဥပဒေ အကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။