လားရှိုး မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် အင်္ဂလိပ်စာသင်တန်း(4 Skill) သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသူ၊ သင်တန်းသားများအား ဉာဏ်စမ်းပဟေဠိ၊ စကားပုံဆက်နှင့် ဂိမ်းစကားနည်းပြိုင်ပွဲများကို မေလ(၄)ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) အား အများပြည်သူနှင့်သက်ဆိုင်သော နေရာအဖြစ်သိရှိနိုင်စေရန်၊ ကလေးများ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများအား မကြာခဏ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး