သာပေါင်း မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းနှင့် ကွင်းသာယာလမ်းရှိ မြချမ်းသာ စေတီတော်ဘက်စုံပြန်လည် ပြုပြင်မွမ်းမံရန်အတွက် အုတ်သယ်ခြင်းများ အကျိုးပြု ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ မြချမ်းသာစေတီတော် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အုတ်သယ်ခြင်းများ ကုသိုလ်ယူ အကျိုးပြု ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူလွင်၊ ဒုတိယ မီးသတ်ဦးစီးမှူးဦးကျော်ဝေလွင် ဦးဆောင်၍ သန္ဓေမီးသတ် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးတို့က အုတ်သယ်ခြင်းများကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်