သတင်းများ

တနိုင်းမြို့နယ် Community Centre ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
May 04,2022
ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် (၁၀) နာရီက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 04,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော်၏ (၇၁) နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ
May 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ သာသနဝိပုလပရိယတ္တိစာသင်တိုက် (ဓာတ်တော် ကျောင်း) တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၏ (၇၁) နှစ်‌ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် လွိုင်လင်အာနန္ဒဗုဒ္ဓကောလိပ် (၁) နှစ်ပြည့်အထိမ်းအမှတ် အလှူမင်္ဂလာပွဲကို မေလ ၄ ရက်က အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းအတွက် ညှိနှိုင်းဆွေးနွေး
May 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ် မြစိမ်းရောင်၊ VDP၊ Cash for work စီမံကိန်းကျေးရွာရွေးချယ်ခြင်းအတွက် အဆိုပါဌာနအစည်းအဝေးခန်းမ၌ မေ(၄)ရက် နံနက်(၁၀)နာရီတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အေရိုးဗစ်သင်တန်း(အခမဲ့) ဆင်းပွဲကျင်းပ
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊  မြို့နယ်အားကစားနှင့်    ကာယပညာဦးစီးဌာနနှင့်  ကာရာတေး  ကလပ်အသင်းတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်း (အခမဲ့)  ဆင်းပွဲကို ယမန်နေ့ ညနေ(၄)နာရီက လူထု အခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများ/သီလရှင်များအား ဆရာစံရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်း
May 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့်ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီးဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများ စုပေါင်း၍ မေလ ၄ရက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရွှေသောင်ယံမြို့တွင် အများပြည်သူသုံး သောက်ရေကန်အား သန့်ရှင်းရေးနှင့် လုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်း၊‌ ရေကန်ဘောင် မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများ သုံးစွဲလျက်ရှိသည့် သောက်သုံးရေကန်အား သန့်ရှင်းသာယာလှပစေရေး လုံခြုံစိတ်ချစေရေးတို့အတွက် ရေကန်ပတ်လည် ခြံစည်းရိုးကာရံခြင်း၊‌ ရေကန်ဘောင်အား မြှင့်တင်ခြင်းလုပ်ငန်းများကို အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရပ်ကွက်နေပြည်သူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။