လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာ အုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅) နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေး လျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးမထိုးနှံ ရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ရာအိမ်စုအလိုက် ကွင်းဆင်း၍ လိုက်လံထိုးနှံ ပေးလျက် ရှိသည်။