သတင်းများ

လေဘေးသင့်ပြည်သူများအား လေဘေးထောက်ပံ့ငွေပေးအပ်
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မေလ ၃ ရက်နေ့က တိုက်ခတ်ခဲသော လေပြင်းကြောင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာမှ နေအိမ်(၃)လုံး အမိုးလန်ပျက်စီးသွားခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နေအိမ်ပျက်စီးသွားသော ဒေသခံပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းက လေးဘေးထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။
မော်လိုက်မြို့၌ ပြည်သူများမြေငှားဂရန် လျှောက်ထားနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
May 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့ပေါ်ရှိပြည်သူများ မြေငှားဂရန်လျှောက်ထားနိုင်ရေး နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေကျပ်(၂၀၀)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း(၂၀)ခု လျာထားဆောင်ရွက်မည်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ(၂၀)ရွာလျာထား၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်းကို နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၂၀၀)သန်း အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
May 04,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပ
May 04,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် (၂၀၂၂)ခုနှစ်၊ အစိုးရ ဓမ္မာစရိယ စာမေးပွဲ စတုတ္ထနေ့ သိလက္ခန်ဒုတိယ နေ့ကို ယနေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှမတ်လ)အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်
May 04,2022
စစ်ကိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှမတ်လ)အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် အထက(ခွဲ)လွယ်ယင်းကျောင်းတွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
May 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှု ဖြင့်စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်သော လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လွယ်ယင်း၏ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ် အဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။