ကျုံပျော် မေ ၄
၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြတ်ချမ်းသာစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စေတီတော်နှင့် အရံစေတီတော်များအား ရေသပ္ပါယ်ခြင်း၊ ရုပ်ပွားတော်မြတ်များအား ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်နှင့် တန်ဆောင်းတော်အတွင်းတို့၌ တံမြက်လှည်းခြင်းနှင့် အမှိုက်များ သိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မြို့ပေါ်ရှိ စေတီတော်မြတ်များအား ရေသပ္ပါယ် ကုသိုလ်ယူခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများအပြင် ပြည်သူ့ဆေးရုံဝန်းအတွင်း၊ အပြင်နှင့် လူနာဆောင် စသည်တို့တွင်လည်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)