သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

သထုံ မေ ၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြားဘေးအန္တရာယ်ဖြစ်စဉ်များ၌ မီးသတ်တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှု အခြေအနေ၊ မီးလောင်မှုဖြစ်ပွားရသည့် အဓိကအချက်များ၊ သထုံခရိုင်အတွင်း (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ပြည်သူအကျိုးပြု လုပ်ငန်းများ၊ ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ပွားအောင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးလောင်မှုဖြစ်ပွားပါက အမြန်ဆုံး ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ စသည့် မီးဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)