နမ့်စန်(တ) မေ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှု ဖြင့်စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်သော လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လွယ်ယင်း၏ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ် အဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲ၊ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ စေတနာအဖွဲ့မှ စီမံကိန်းဒေသဒါရိုက်တာ ဒေါ်အေးအေးသန့်၊ အထက(ခွဲ)လွယ်ယင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင်လွင်နှင့် ပအို့ဝ်ဌာနေပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးကျွန်းတို့က အဆိုပါကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ သစ်ပင်များကို ကျောင်းဆောင်ရှေ့တွင် စိုက်ပျိုး ခဲ့ကြသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ် ပညာရေးမှူး ဦးမြင့်လွင်တို့က ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ကြသည်။
ဆက်လက်၍ စေတနာအဖွဲ့မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့်က ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းနှင့် စေတနာအဖွဲ့မှ ဆောင်ရွက်နေသောလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က လက်ခံရယူခဲ့သည်။
ထို့နောက် စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့်က လူထုဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၁၀ ကို ပေးအပ်ခဲ့ရာ ကျေးရွာလူထုဖွံ့ဖြိုးရေးကော်မတီဝင် ၂ ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများကို ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ဒေသခံမိဘပြည်သူများကိုယ်စား ကျောင်းဆောင်ဆောက်လုပ်ရေး ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ(၁၂၀x၃၀)ပေ အရွယ်အစားရှိ အလူဇင့်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း၊ အုတ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ် ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စေတနာ/နိပွန်ဖောင်ဒေးရှင်းမှ ပံ့ပိုးငွေ ကျပ် ၅၉၅၄၄၃၉၅ ၊ ဒေသံပြည်သူများမှ ပူးပေါင်းပါဝင်ငွေ ကျပ် ၁၁၀၈၂၅၀၀၊ စုစုပေါင်း ဆောက်လုပ်ရေးကုန်ကျငွေ ၇၀၆၃၆၈၉၅ ကျပ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး (၅)ခန်းတွဲ ရေလောင်းအိမ်သာ၊ မိုးရေလှောင်ကန် ၂ လုံး၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့် ထိုင်ခုံ (၆၀)စုံ ၊ ဆရာ/မ စားပွဲနှင့်ထိုင်ခုံ (၆)စုံ နှင့် Whiteboard (၁၂)ချပ် တို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)