တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပ

တောင်တွင်းကြီး မေ ၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် (၂၀၂၂)ခုနှစ်၊ အစိုးရ ဓမ္မာစရိယ စာမေးပွဲ စတုတ္ထနေ့ သိလက္ခန်ဒုတိယ နေ့ကို ယနေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း  သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ဆရာတော်ကြီးများနှင့် စာဖြေ သံဃာတော်များမှ နမောတဿ(၃)ကြိမ် ညီညာစွာရွတ်ဆို၍ စတင်ဖြေဆိုကြသည်။ သံဃာတော်အပါး (၃၃)ပါးနှင့် သီလရှင်(၂)ပါး စုစုပေါင်း (၃၅)ပါး ဖြေဆိုရာ သာသနာ့ ဗိမာန်တော်ကြီးသို့  တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း စာဖြေသံဃာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ဆက်)