လမ်းမတော် မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီတင့်တယ်လှပစေရေးတို့အတွက် ယာယီမော်တင်ဈေးရပ်ကွက် ဥပစာလမ်း၊ ရွှေတောင်တန်းဘောတံတားနှင့်စဉ့်အိုးတန်းဘောတံတားရှိ ကုန်တင်/ကုန်ချဆိပ်ခံဘောတံတား ဝဲ/ယာရှိ အမြင်မသင့်တယ်သည့် လမ်းဘေးပျံကျကျူးကျော်ဈေးဆိုင်ပစ္စည်းများနှင့် ကျူးကျော်ဆိုင်ခန်းများရှင်းလင်း/ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်ခန့်က ကမ်းနားဆိပ် တစ်လျောက်ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းဆောင်ရွက်ရာတွင်၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့်ဝန်ထမ်းများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မန်နေဂျာ ဦးကျော်ဇင်ဦးနှင့် ဝန်ထမ်းများ၊ လမ်းမတော်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကမ်းနားဆိပ် ဝဲ/ယာ တစ်လျောက် အမြင်မသင့်တယ်သည့် လမ်းဘေးကျူးကျော် ပျံကျဈေးဆိုင်ပစ္စည်များနှင့် ကျူးကျော်ဆိုင်ခန်းများအားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကမ်းနားဆိပ် ဝဲ/ယာတစ်လျောက် အမြင်မသင့်တယ်သည့်လမ်းဘေး ကျူးကျော်ပျံကျဈေး ဆိုင်(၆၀)နှင့် အဖီအဆွယ်ကျူး(၅)ဆိုင်တို့အား ရှင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်ဆန်းမြင့်