မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်ပြိုလဲကျမှုဖြစ်ပွား

မြန်အောင် မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် မကျီးစုတာကြီးတန်းနေ ဦးမြင့်ဦး၏ (သွပ်မိုး၊ ထရံကာ၊ ဝါးခင်း) လူနေအိမ်ပေါ်သို့ ယမန်နေ့ည ၉ နာရီ ၃၀ အချိန်ခန့်က မိုးရွာသွန်းမှုကြောင့်  ကုက္ကိုပင် ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပင်စည်ဆွေး မြေ့နေသည့် ကုက္ကိုပင်ပြိုလဲမှုကြောင့် နေအိမ်အတွင်းရှိ ဒေါ်တင်မိုးခိုင်၏ယာဘက်ပေါင် ထိခိုက်ဒဏ်ရာရသဖြင့် မြန်အောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် သစ်ပင်ပြိုလဲရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက သွားရောက်ကူညီဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

ဝင်းဗိုလ် မြန်အောင်