ပုသိမ်တက္ကသိုလ်၌နည်းပြ သရုပ်ပြဆရာ ဆရာမသစ်များ ကြိုဆိုပွဲအခမ်းအနားကျင်းပ

ပုသိမ် မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၌ နည်းပြ သရုပ်ပြဆရာ၊ ဆရာမသစ်များအား ကြိုဆိုဆိုပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်တက္ကသိုလ် ‌ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)ဒေါက်တာမြင့်မြင့်ခိုင်က သုတေသနစွမ်းဆောင်ရည် မြင့်မားရေး ကိစ္စရပ်များနှင့် ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာနေအောင်က သင်ကြားသင်ယူမှု စွမ်းဆောင်ရည်မြင့်မားရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းရေးရာဌာန ဌာနမှူး ဦးအောင်သောင်းမြိုင်က သင်တန်းရေးရာ ကိစ္စရပ်များနှင့် စီမံရေးရာ ဒု-ဌာနမှူး ဦးမြင့်သန်းဦးက ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပြီး ကြိုဆိုပွဲသို့ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမအသစ် ၃၄ ဦး တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)