နာဂဒေသ ပန်ဆောင်မြို့တွင် မေလအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပန်ဆောင် မေ   ၅

စစ်ကိုင်းတိုင်းဒသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့က  ပန်ဆောင်မြို့ ဒေသန္တရဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပန်ဆောင်မြို့ အထက်ရပ်ကွက်၊ အလယ်ရပ်ကွက်နှင့် နီဟိရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ပိုလီယို၊ ဝမ်းပျက်ဝမ်းလျော၊ မေးခိုင်ကာကွယ်ဆေးများကို အသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်စပ်သပ်စစ်ဆေးပေးခြင်း၊ ပုံမှန်အားဆေး တိုက်ကျွေးပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ပန်ဆောင်မြို့ကျန်းမာရေးဌာန တာဝန်ခံ ဒေါ်ဆိုဒ်ရွန်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)